သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံ၏ အကြီးဆုံးကျောက်မီးသွေးစီမံကိန်းမှ အထင်ကရအင်းလေးကန်အနီးရှိ ဒေသခံလူထုများကို အဆိပ်သင့်စေခြင်း
ဒီကနေ့ ထုတ်ပြန်မည့် အစီရင်ခံစာကို အကြောင်းပြုပြီး ရှမ်းပြည်နယ်ရှိ အထင်ကရအင်းလေးကန်နှင့် (၁၃) မိုင်ခန့်အကွာ တွင်ရှိသော မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကျောက်မီးသွေးသတ္တုတွင်းနှင့် ကျောက်မီးသွေးစက်ရုံကြီးသည် ကျေးရွာလူထုများ ၏ ရေလမ်းကြောင်းများကိုညစ်ညမ်းစေခြင်း၊ ကျန်းမာရေးများ ခြိမ်းခြောက်မူပြုခြင်း၊ ကျေးရွာများကို ရွှေ့ပြောင်းမှုပြုခြင်းတို့ ဖြစ် ပေါ်စေပါသည်။
အဆိပ်သင့်တိမ်များ အစီရင်ခံစာအုပ်ကို ဒေသခံပအိုဝ်းလူထုများမှ လေ့လာတွေ့ရှိချက်များအရ တစ်ရက်ကို ကျောက်မီးသွေး တန်ချိန်ပေါင်း (၂၀၀၀) ကျော် တူးဖော်ထုတ်လုပ်လျက်ရှိသည်။ ၎င်းသည် လစ်ကနိုက်(lignite) ကျောက်မီးသွေးအမျိုးအစား ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် အညစ်ညမ်းဆုံးဖြစ်စေသော ကျောက်မီးသွေးအမျိုးအစား ဖြစ်သည်။ ၎င်းတို့အားလုံးသည် တီကျစ် ကျေးရွာအနီးရှိ ထုထည်ကြီးမားသော မြေမျက်နှာပြင် အပွင့်သတ္တုမိုင်းတူးဖော်မူစနစ်ဖြင့် နေ့စဉ်နှင့်အမျှ ထုတ်ယူ သုံးစွဲနေပါသည်။ ကျောက်မီးသွေးစက်ရုံမှ ကျောက်မီးသွေးပြာ နေ့စဉ် တန် (၁၀၀) မှ (၁၅၀) ထိ ထုတ်လွှတ်လျက် ရှိသည်။
သတ္တုတွင်းမှ စွန့်ပစ်မြေစာပုံသည် လူဦးရေ (၃၀၀၀)ခန့်၏ အိမ်ထက်ပင်မြင့်မားနေခြင်း၊ ချောင်းကိုပိတ်ဆို့ထားခြင်းနှင့် လယ်ကွင်းတွေကို ညစ်ညမ်းမူပြုစေပါသည်။ ဖုန်မှုန့်နှင့် ကျောက်မီးသွေးစက်ရုံမှ ထုတ်လွှတ်သော အဆိပ်သင့်ပြာမှုန်များ သည် ဒေသခံလူထုများ၏ လမ်းမများပေါ်မှာဖြန့်ကြဲနေသည်ကိုတွေ့ရှိရသည်။ ၎င်းသည် လေထု၏အရည်အသွေးကိုလည်း ဆိုးရွားစွာ လျော့နည်းသွားစေနိုင်သည်။ ယနေ့အခြေအနေတွင်ပင် (၅၀) ရာခိုင်နှုန်းသော ဒေသခံလူထုများ၏ ခန္ဓာကိုယ် ပေါ်တွင် အရေပြားယားယံခြင်းဒုက္ခကို ခံစားနေကြရပြီဖြစ်သည်။
“ကျနော်တို့ ချောင်းက ရေနှင့် ကောင်းကင်က တိမ်တွေ မည်းမှောင်လာတယ်” ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီက ပြောပါတယ်။ “ဒီအဆိပ်သင့်သော ညစ်ညမ်းသည့် မြေယာထဲ့မှာ ကြီးထွားလာမည့် နောက်နောင် ကျနော်တို့မျိုးဆက်တွေ ဘာဖြစ်သွားနိုင်မလဲ?”
သတ္တုမိုင်းတွင်းကို တိုးချဲ့ခြင်းအားဖြင့် ဤစီမံကိန်းနှင့် (၅) မိုင်ပတ်လည်အတွင်း နေထိုင်သော လူဦးရေ (၁၂၀၀၀) နီးပါးခန့် လူနေအိမ်များသည် လေ၊ ရေ ထုညစ်ညမ်းမှုကြောင်း နှင်ထုတ်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ လယ်ယာမြေ ဧကပေါင်း (၅၀၀) ကျော် ကိုလည်း အတင်းအဓမ္မသိမ်းယူ ခြင်းကိုခံရပြီး။ လိုင်းခါးနှင့် တောင်ပို့လကျေးရွာ နှစ်ရွာသည်လည်း ပြောင်းရွှေ့စေခြင်း ကို ခံခဲ့ရပြီဖြစ်သည်။
တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်စက်ရုံမှ လျှပ်စစ်ဓါတ်အားကို တခြားသောအီတလီနှင့် ရုရှားကုမ္ပဏီမှ စီမံကိန်းအကောင်အထည် ဖော်လျက်ရှိသော သတ္တုမိုင်းတွင်းသို့ ပို့ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဦးတည်ချက် ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတွင်းရှိ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲနေသော်လည်း နိုင်ငံတွင်း ဖွံ့ဖြိုးမူအတွက် လျစ်လျူရှုထားပြီး လေလံဆွဲဈေးပြိုင်စနစ်ဖြင့် တိုင်းတပါးသို့ရောင်းချပြုလုပ်နေလျက်ရှိသည်။
“အစိုးရကတော့ သူတို့ကိုယ်ကျိုးစီးပွားအတွက် စွမ်းအင်အရင်းအမြစ်ကို ထုတ်ယူပြီးတော့ ဖြစ်ပေါ်ကျန်ရှိနေမယ့် ပတ်ဝန်း ကျင်ညစ်ညမ်းနှင့်အတူ ပျက်စီးမူများကိုတော့ ဌာနေဒေသခံလူထုများက ကြုံတွေ့ခံစားရမှာ မလွဲဧကန်ပါ။” ဟု ပအိုဝ်းလူငယ် အစည်းအရုံးအဖွဲ့ဝင် ခွန်ချန်ကီက ပြောဆိုပါသည်။ “ဒီစီမံကိန်းကြီးကို ရပ်တန့်သင့်ပါတယ်။ အဲဒီစီမံကိန်းက အထူးသဖြင့် ကျနော်တို့ အထူးတန်ဖိုးကြီးမားလှတဲ့ အင်းလေးကန်ကို ဆိုးကျိုးသက်ရောက်စေတာ ဖြစ်တယ်။”
တီကျစ်ချောင်းသည် အင်းလေးကန်အတွင်းသို့ အထက်ဘီလူးချောင်းမှတဆင့် စီဝင်သွားသည်။ အင်းလေးကန်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၏ ထိန်းသိမ်းရမည့် အမွေအနှစ်ဥယျာဉ်များ စာရင်းတွင် ထည့်သွင်းထားသည်။ နိုင်ငံခြားဧည့်သည်အများဆုံး သဘောကျနှစ်ခြိုက် လည်ပတ်ရာ နေရာလည်းဖြစ်သည်။ အင်းသားတံငါသည်များ၏ ထူးခြားသည့် ခြေထောက်တစ်ဖက်ဖြင့် လှေလှော်ဟန်ကြောင့်လည်း ထင်းရှားလှသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံမှ အခြားကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်စက်ရုံသုံးရုံ တည်ဆောက်နေပြီး၊ စုစုပေါင်း လျှပ်စစ်ဓါတ်အားပေးစက်ရုံလေးရုံတည်ဆောက်ရန် အစီစဉ်ရှိထားကြောင်း၊ ထားဝယ်မြို့တောင်ဘက်ရှိ (၄၀၀၀) မီဂါဝပ် (Megawatt) ခန့် ထုထည်ကြီးမားသောကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ စီမံကိန်းတစ်ခုလည်း အပါဝင်ဖြစ် သည်။
ဆက်သွယ်ရန်- ခွန်ချန်ကီ ၀၈၄-၆၁၀-၈၃၃၀
ခွန်မျိုးထို ၀၈၅-၆၅၃-၁၆၇၁
အီးမေလ်း- pyorg.net@gmail.com
သတင်းနှင့် မီဒီယာသမားများ အားလုံးအတွက် ဓါတ်ပုံနှင့် ဗွီဒီယို ကိုအသုံးပြုနိုင်ပါသည်။



Former SNPLO chairman Saw Tarkele dies
A brief history of the Pa-O road to revolution
Young ‘dragons’ seek to empower the Pa-O community
8,000 people to be forcibly relocated for Paunglaung dam project 


No comments:
Post a Comment