ပအိုဝ်းလူငယ်လှုပ်ရှားတက်ကြွသူများက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ မြန်မာပြည်၏ အကြီးဆုံး ပင်းပက်သံသတ္တုမိုင်းမှ ထိခိုက်ဆိုးကျိုးများအား ဆန့်ကျင်ကန့်ကွက်နေသည့် ဒေသခံပြည်သူ များအားဝိုင်းဝန်း ထောက်ခံအားပေးရေးအတွက် ယနေ့ လှုပ်ရှားမှုကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။
လှုပ်ရှားမှုနှင့်ပတ်သက်၍ သတ္ထုမိုင်း စီမံကိန်းကြောင့် ထိခိုက်ဖျက်ဆီးခံရမှုများကို ဗွီဒီယို၊ လက်ကမ်း စာစောင်များအား မှတ်တမ်းတင်ထုတ်ဝေသည်။ ထိခိုက်ဖျက်ဆီးခံရမှုတွင် စီမံကိန်းလုံခြုံရေးကြောင့် ဒေသခံအာဏာပိုင်များက ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ဒေသခံပြည်သူများမှ လယ်ယာမြေများ လက်လွတ်ဆုံးရှုံးရမှု၊ ရေထုညစ်ညမ်းမှုများ ကြုံတွေ့နေရပါသည်။ ထို့သို့ ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံပြည်သူများပုံရိပ်ကို ပအိုဝ်းလူငယ်အစည်းအရုံးမှ ဓါတ်ပုံဗွီဒီယိုမှတ်တမ်း အနေဖြင့် ဖြန့်ဖြူးထုတ်ဝေပါသည်။
ရုရှားပိုင်(Tyazhproexport) ကုမ္ပဏီမှ ပါဝင်ပံ့ပိုးမှုကြောင့် စီမံကိန်း၏တည်ဆောက်မှုမှာ ပြီးစီးလုနီးပြီ ဖြစ်ပါသည်။ ပင်းပက်တောင်မှ အပွင့်တူးမိုင်း စတင်တူးဖော်ရာ၌လည်း ဒေသခံပြည်သူ ၇ဝဝဝ ကျော်ခန့်ထိခိုက်နိုင်သည့်အပြင် စီမံကိန်းဝင်းအတွင်း နေထိုင်သည့် ရွာသား ၁ဝဝ ကျော်မှာ ပြင်ပသို့ ပြောင်းရွေ့ရန် ယခုဖိအားပေးခံနေရသည်။ ထို့အပြင် ဒေသခံပြည်သူ ၃၅ဝဝဝ ကျော်မှာ သံသတ္တုများ ဆေးကြော သန့်စင်ရေးအတွက် အသုံးပြုခံရသည့် တဖက်ချောင်း ရေထုညစ်ညမ်းမှုကြောင့် ဘေးထွက်ဆိုးကျိုးများ တွေ့ကြုံလာနိုင်ဖွယ် ရှိပါသည်။
ထိခိုက်နစ်နာခဲ့သည့် ဒေသခံပြည်သူများမှာ လယ်ယာမြေများ သိမ်းယူခြင်း၊ အဓမ္မပြောင်းရွေ့ခြင်း ရပ်တန့်ရေးအတွက် ဒေသခံအာဏာပိုင်းများထံ တင်ပြတောင်းဆိုသော်လည်း တရေးတယူ တုန့်ပြန်ခြင်း မရှိခဲ့ပေ။
“ပင်းပက်စီမံကိန်းသတင်းကို မြန်မာပြည်မှာ ပိတ်ပင်ထားတယ်။ ထိခိုက်နစ်နာခဲ့တဲ့ ဒေသခံပြည်သူ တွေကို နားလည်သိရှိလာအောင် လှုံ့ဆော်သွားမယ်။ ဒီစီမံကိန်းကို ကန့်ကွက်လာအောင် ဒေသခံပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီက ဆိုပါသည်။
လာမည့် နိုဝင်ဘာ ၇ရက် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ယခင်အပစ်ရပ်ငြိမ်းချမ်းရေး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ပင်းပက်စီမံကိန်းထိခိုက်ခဲ့သည့် ဟိုပုံးမဲဆန္ဒနယ်မြေအတွက် ဝင်ရောက်အရွေးခံသွားမည် ဖြစ်သော်လည်း ၎င်းစီမံကိန်းနှင့် ပတ်သတ်၍ ဒေသခံပြည်သူများအား တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့်အပေါ် ခွန်ချန်ကီက ယခုလို ပြောဆိုသည်။
“ပင်းပက်စီမံကိန်းက ကျွန်တော်တို့ပြည်သူတွေရဲ့ အနာဂတ်ကိုဖျက်ဆီးနေပါတယ်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသင့်ပါတယ်။ ပင်းပက်စီမံကိန်းအား ဆန့်ကျင်ပြောဆိုသင့်ပါတယ်”
ဆက်သွယ်ရန်
ခွန်ချန်ကီ
၀၈၄ ၆၁၀၈၃၃၀



Former SNPLO chairman Saw Tarkele dies
A brief history of the Pa-O road to revolution
Young ‘dragons’ seek to empower the Pa-O community
8,000 people to be forcibly relocated for Paunglaung dam project 


No comments:
Post a Comment