ပအိုဝ်းလူငယ်အစည်းအရုံးနှင့် ရှမ်းသဘာဝပါတ်ဝန်းကျင်အဖွဲ့အစည်းတို့မှ သတင်းထုတ်ပြန်ကြေငြာချက်
၂၄ ရက်၊ ဇန်နဝါရီလ၊ ၂၀၁၂
သဘာဝပါတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားသူများမှ မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံများအားလုံး ရပ်တန့်ရန်တောင်းဆို
သန့်ရှင်းစွမ်းအင်အတွက် ပထမအဆင့်ခြေလှမ်းသာရှိနေသေးသော ထားဝယ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါအားပေးစက်ရုံရပ်တန့်ခြင်းဆုံးဖြတ်ချက်
ဇန်န၀ါရီလအစောပိုင်းတွင် ကြေငြာခဲ့ ပြီးနောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများက လက်ရှိမြန်မာနိုင်ငံတွင်လည်ပတ်နေသော ကျောက်မီးသွေးသုံး
လျှပ်စစ်ဓါတ်အားပေး စက်ရုံများ အားလုံး နှင့် အခြားကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေး လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်းရန်တောင်း ဆိုသည်။
ထားဝယ်စီးပွားရေးဇုန်တွင်တည်ဆောက်ရန်ရှိသော မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသည် မလိုလားအပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆိုးကျိုးများကို ဖြစ်ပေါ်လာ စေနိုင်သည့် အတွက်ကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီး
ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက် နေ့ တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံပေါင်း (၇) ခု တည်ဆောက်ရန်ရှိသည့်အနက် စက်ရုံ (၂) ရုံမှာ လည်ပါတ်နေပြီးဖြစ်သည်။ လက်ရှိအကြီးဆုံး ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မဂ္ဂါဝပ် ၁၂၀ ထွက်ရှိသော တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံဖြစ်ပြီး၊ ထိုစက်ရုံမှ အဆိပ်အတောက်ဖြစ်စေသောဓါတ်ငွေ့များနှင့် ကျောက်မီးသွေးပြာမှုန်တန်ပေါင်း ၁၀၀ ကျော်ကို နေ့စဉ်နှင့်အမျှ ထုတ်လွင့်လျက်ရှိသည်။ လွန်ခဲ့သောနှစ်အစောပိုင်းတွင် ထုတ်ဝေခဲ့သော “အဆိပ်သင့်တိမ်များ”အမည်ရှိ အစီရင်ခံစာတွင် တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်လာသော လေထုနှင့် ရေထုညစ်ညမ်းမှုသည်
တီကျစ်ပါတ်ဝန်းကျင်ရှိလူဦးရေ ၁၂,၀၀၀ နီးပါး၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ၎င်းတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်းအသေးစိတ်ဖော်ပြထားသည်။
မြန်မာနိုင်ငံလျှပ်စစ်စွမ်းအင်ဝန်ကြီး၏ ပြောကြားချက်အရ ထားဝယ်တွင် တီကျစ်ကျောက်မီးသွေးစက်ရုံထက် သုံးဆကျော် ကြီးသော မဂ္ဂါဝပ် ၄၀၀ ထုတ်ပေးနိုင်သည့်ကျောက်မီးသွေးစက်ရုံကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဟု သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အီတာလီယံ-ထိုင်း ကုမ္ပဏီလီမီတက်မှ မဂ္ဂါဝပ် ၃၆၉ ထုတ်လုပ်ပေးသည့် မိုင်းကုတ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ တစ်ခုကိုလည်း လူသိရှင်ကြားအသိပေးခြင်းမရှိဘဲ ဆက်လက် အကောင်အထည်ဖော်တည်ဆောက်လျက် ရှိကြောင်းသိရသည်။ ထိုအီတာလီယံ-ထိုင်းကုမ္ပဏီသည် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း တွင်အဓိက တာဝန်ယူဆောက်လုပ်နေသော ကုမ္ပဏီတစ်ခုလည်းဖြစ်ပါသည်။
“တကယ်လို့ အစိုးရက အမှန်တကယ်ပဲ ကျောက်မီးသွေးရဲ့ဆိုးကျိုးအပေါ် စိုးရိမ်ပူပန်မှုရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့အားလုံးသော ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အား ပေးစက်ရုံ
တွေကို ရပ်တန့်သင့်ပါတယ်။ဘယ်လောက်သေးငယ် တယ်ဖြစ်နေပါစေ ကျောက်မီးသွေးစက်ရုံဟာ ဒေသခံလူထုတွေ
အတွက် ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်တို့ သိနေပါတယ်…” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်မျိုးထိုမှ ပြောသည်။”
မြန်မာနိုင်ငံရှိ ဒေသတွင်း စွမ်းအင်လိုအပ်မှု၊ သဘာဝပါတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများအပေါ်သက်ရောက် မှုများ၊ နာတာရှည်စွမ်းအင် ရှားပါးမှုများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ကြီးမားသော စွမ်းအင်အရင်းအမြစ် တင်ပို့မှုများ အားလုံးသည် ၎င်း၏ ကောင်းမွန်သော စွမ်းအင်စီမံခန့်ခွဲမှု အားနည်းနေခြင်းကို ထုတ်ဖော်ပြသနေခြင်းဖြစ်သည်။ ကျောက်မီးသွေးထက် ညစ်ညမ်းမှုနည်းစေတဲ့ သဘာဝဓါတ်ငွေ့များကိုလည်း နိုင်ငံရပ်ခြားသို့ တင်ပို့ခြင်း အပါဝင် ဖြစ်သည်။
“ဘာဖြစ်လို့ ကျွန်တော်တို့အစိုးရဟာ နိုင်ငံတွင်း သဘာဝဓါတ်ငွေ့တွေကို ထုတ်ရောင်းပြီးတော့မှ ကျနော်တို့ ဒေသခံပြည်သူတွေကို ဒီအဆိပ်သင့်စေသော ကျောက်မီးသွေးမှုန်တွေကြားထဲမှာ မွန်းကျပ်စေတာလဲ?” လို့ ခွန်မျိုးထိုမှ ပြောသည်။
မြန်မာနိုင်ငံ၏အသေးစိတ် ကျောက်မီးသွေးစီမံကိန်းများကိုဆက်လက် ကြည့်ရှုရန် www.paohyouth.org, www.shansapawa.org
ဆက်သွယ်ရန်- ခွန်မျိုးထို (ပအိုဝ်းလူငယ်အစည်းအရုံး)
ဖုန်း- ၀၈၅ ၇၀၉ ၉၀၂၆
အီးမေး- office@paohyouth.org
ဆက်သွယ်ရန်- စိုင်းတင်းလှိုင်းအောင် (ရှမ်းသဘာဝအဖွဲ့အစည်း)
ဖုန်း- ၀၈၃ ၃၂၁ ၇၉၈၅
အီးမေး- shansapawa@gmail.com



Former SNPLO chairman Saw Tarkele dies
A brief history of the Pa-O road to revolution
Young ‘dragons’ seek to empower the Pa-O community
8,000 people to be forcibly relocated for Paunglaung dam project 


No comments:
Post a Comment